သဲကုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မစျေး၌ အသားနှင့် ကြက်ဥစျေးနှုန်း ချိုသာစွာရောင်းချပေး

သဲကုန်း ဇူလိုင် ၂၈

ကျေးရွာ/ရပ်ကွက်နေပြည်သူများ၏ နေ့စဥ်လူနေမှုဘဝစားသောက်ရေးတွင် အထောက်အကူပြုစေရန် အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြင်ပစျေးနှုန်းများထက် စျေးနှုန်းချိုသာစွာဖြင့်ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့မစျေးအတွင်း၌ ယနေ့နံနက် (၇) နာရီက ဝက်သား၊ အမဲသား၊ ကြက်သားနှင့် ကြက်ဥများအား စျေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချ​ပေးရာတွင် ကျေးရွာ၊ ရပ်ကွက်နေပြည်သူများ လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးတို့အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေး၏ လမ်းညွှန်​မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ပိုင်မင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်ခင်အေးဝင်းနှင့် ဝန်ထမ်းများမှ ကြီးကြပ်၍ လာ​ရောက်ဝယ်ယူ​ကြသူ ကျေးရွာ/ ရပ်ကွက်နေပြည်သူများအား ဝက်သားတစ်ပိဿာ ၂၀၀၀၀/-ကျပ်၊ အမဲသားတစ်ပိဿာ ၁၉၀၀၀/-ကျပ်၊ ကြက်သားတစ်ပိဿာ ၂၂၀၀၀/-ကျပ်နှင့် ကြက်ဥတစ်လုံး ၄၆၀/-ကျပ်နှုန်းဖြင့် သက်မှတ်စျေးနှုန်းအတိုင်း စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများမှ ကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)