မော်လိုက်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မော်လိုက် ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ပြည်ထဲရေးဝန်ကြီးဌာန၊ မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၁/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ဇူလိုင်(၂၈)ရက်နေ့ နံနက်(၈)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ‌ဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌နေထွန်း‌အောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများကို ပေးအပ်ခဲ့ကြသည်။

ဆိုပါသင်တန်းတွင် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ဌာနလုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန် သင်ကြားပြသခဲ့ကြပြီး သင်တန်းကာလမှာ (၁-၇-၂၀၂၆) ရက်နေ့မှ (၂၈-၇-၂၀၂၆)ရက်နေ့အထိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၄) ဦးတို့ကို သင်ကြားပို့ချခဲ့ကြောင်းသိရသည်။

 အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများနှင့် သင်တန်းသားများက တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)