စလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းရှိ ကျောင်းသား/ကျောင်းသူကလေးငယ်များအာ ဟာရကျွေးမွေး

စလင်း ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ စလင်းမြို့၌ ကိုယ်အားကိုယ်ကိုး မူကြိုကျောင်းကလေးငယ်များ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန်ရည်ရွယ်၍ အာဟာရကျွေးမွေးခြင်းအစီအစဉ်များကို ယနေ့နံနက် ၁၁ နာရီကစျေးမရပ်ကွက် ပြည်သူ့ပန်းခြံအတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်း၌ ကျွေးမွေးခဲ့သည်။

 ထိုသို့ ကျွေးမွေးရာတွင် ကလေးငယ်များ  ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန်ရည်ရွယ်၍ အာဟာရကျွေးမွေးခြင်းအစီအစဉ်များကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ   စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းနေအရွယ်မူကြိုကလေးများအာဟာရ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအရ စလင်းမြို့နယ်အတွင်းရှိ မူလတန်းကျောင်းများ၌ KGတန်းနှင့် မူလတန်းအဆင့်ကလေးငယ်များကို အာဟာရကျွေးမွေးခြင်းများ ပြုလုပ်ပေးနေခြင်းဖြစ်ပြီး အာဟာရကျွေးမွေးခြင်း၏အဓိကရည်ရွယ်ချက်မှာ ကျန်းမာသန်စွမ်းစေရန်ကလေးငယ်များ ကြီးထွားဖွံ့ဖြိုးမှုနှုန်းမှန်ကန်စေရန်၊ အမူအကျင့်ကောင်းများရရှိရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ စွဲမြဲလာစေရန်၊ ဉာဏ်ရည်မြှင့်တင်ရန်၊ အာဟာရပြည့်ဝခြင်းဖြင့် သင်ယူမှုစွမ်းရည်နှင့်  ပညာရေးတိုးတက်မှုကို အထောက်အကူပြုစေရန်ရည်ရွယ်၍   ကျွေးမွေးရခြင်းဖြစ်ကြောင်း၊ အာဟာရကျွေးမွေးခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူး မိုးဇော်နိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ တက်ရောက်ကျွေမွေးခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)