မုံရွာမြို့၌ "လူကုန်ကူးမှုအသိပညာပေးဟောပြောပွဲနှင့် ကလေး သူငယ်အသိပညာပေး ဟောပြောပွဲ”ကျင်းပ

မုံရွာ ဇူလိုင် ၂၈

အမှတ်(၁၄)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မုံရွာ)မှ ဒုရဲမှူး အောင်မြင့်ဦး ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် အခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍ "လူကုန်ကူးမှု အသိပညာ ပေးဟောပြောပွဲနှင့် ကလေး သူငယ်အသိပညာပေးဟောပြောပွဲ”ကို ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီကမုံရွာမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ မြဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးပိုင်က မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များ အားလည်းကောင်း၊ အမှတ်(၁၄)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မုံရွာ)မှ ဒုရဲအုပ် နုနုလှိုင်က လူကုန်ကူး/လူမှောင်ခိုမှုဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ပအလုပ်အကိုင် ဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်အကိုင်ကြေညာအတုများနှင့် ဆက်စပ်ဖြစ်ပေါ် လာနိုင်သော လူကုန်ကူးမှု အန္တရာယ်အကြောင်းများ ၊Online လိမ်လည်မှုဆိုင်ရာများ ၊ ကလေးသူငယ် ဆိုင်ရာသိမှတ်ဖွယ်ရာများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေများအား လည်းကောင်း ပရိုဂျက်တာများဖြင့် ပြသရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား ကျောင်း သူများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် အခမ်းအနား သို့ တက်ရောက် လာသူများအား ဒုရဲမှူး အောင်မြင့်ဦး၊ ရဲအုပ် မြတ်သူနှင့် ရဲတပ်သား ခိုင်ကြူလွင်တို့သည် လူကုန်ကူး/ လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်(၂၄၈)စောင်ကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)