လွိုင်ကော်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ပြုပြင်ထိန်းသိမ်းခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်

လွိုင်ကော် ဇူလိုင် ၂၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစီအစဉ်ဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ပြုပြင်ထိန်းသိမ်းခြင်း ဆင့်ပွားသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ် (MEVM) ဆိုင်ရာ ကြီးကြပ်မှုဥက္ကဋ္ဌ ဦးရဲဝင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ် (MEVM) ဆိုင်ရာကြီးကြပ်မှုဥက္ကဋ္ဌ ဦးရဲဝင်းက သင်တန်းအဖွင့်အမှာစကားပြောကြားရာတွင် (MEVM) မဲပေးစက်များ၏ အသေးစားချို့ယွင်းမှုနှင့် ပျက်စီးမှုများကို ပြင်ပကျွမ်းကျင်ပညာရှင်များမလိုဘဲ ကော်မရှင်ဝန်ထမ်းများကိုယ်တိုင် ကျွမ်းကျင်စွာ စစ်ဆေး၊ ပြင်ဆင်ထိန်းသိမ်းနိုင်စေရန်၊ ကြားဖြတ်ရွေးကောက်ပွဲများနှင့် လာမည့်အထွေထွေရွေးကောက်ပွဲများတွင် မဲပေးစက်များကို စနစ်တကျဖြင့် အောင်မြင်အောင် ဆက်လက်အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်နိုင်ရန်၊ သင်တန်းတက်ရောက်ပြီးသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာရုံးများသို့ ပြန်လည်ရောက်ရှိချိန်တွင် အခြားဝန်ထမ်းများအား ပြန်လည်မျှဝေပို့ချပေးနိုင်သော နည်းပြကောင်းများဖြစ်လာစေရန်နှင့် ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ်သည့် မဲပေးစက်များကို စနစ်တကျသိမ်းဆည်းထားသိုခြင်း၊ ဘက်ထရီများကို စနစ်တကျ အားသွင်းထိန်းသိမ်းခြင်းဖြင့် စက်များ၏ သက်တမ်းကို ရည်ရှည်တည်တံ့စေပြီး နိုင်ငံတော်ဘဏ္ဍာနှစ်နှင့် ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ်သည့် မဲပေးစက်များကို စနစ်တကျသိမ်းဆည်းထားသိုခြင်း၊ ဘက်ထရီများကို စနစ်တကျအားသွင်းထိန်းသိမ်းခြင်းဖြင့် စက်များ၏ သက်တမ်းကို ရည်ရှည်တည်တံ့စေပြီး နိုင်ငံတော်ဘဏ္ဍာနှစ် ပစ္စည်းများဆုံးရှုံးမှုသက်သာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ရွေးကောက်ပွဲအရာရှိမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား ၂၇−၇−၂၀၂၆ ရက်နေ့မှ ၁−၈−၂၀၂၆ အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၂) တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)