ပေါင်းတည်မြို့နယ်၌ သံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဆင်းပွဲကျင်းပ

ပေါင်းတည် ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇူလိုင်လ (၂၆) ရက်၊ မွန်းလွဲပိုင်းက မြို့နယ်သံဃနာယကအဖွဲ့ (မဟာဒွါရ) မှ ကြီးမှူးကျင်းပသည့် သံဃနာယကနှင့် ဝိနည်းဓိုရ် သင်တန်းဆင်းပွဲကို ညောင်ပင်ကုန်းကျေးရွာကျောင်းတိုက်၌ ကျင်းပခဲ့သည်။

အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်သံဃနာယအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ အကျိုးတော်ဆောင် ဆရာတော်နှင့် မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ၊ မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က သင်ကြားပို့ချခဲ့ကြရာ သင်တန်းသား သံဃာအပါး ၃၀ တက်ရောက်ခဲ့ကြပြီး သင်တန်းမှာ တစ်ရက်တာ သင်တန်းဖြစ်ကြောင်း သိရသည်။

သင်တန်းဆင်းအောင်လက်မှတ်များကို ဆရာတော်များနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းမော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက တက်ရောက်ချီးမြှင့်ဆပ်ကပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသား(IPRD)