နတ်မောက် ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မရပ်ကွက်တွင် ကွန်ကရစ်ပစ္စည်းများ တစ်ပိုင်တစ်နိုင်ပြုလုပ် ရောင်းချခြင်းဖြင့် မိသားစုအတွက်ဝင်ငွေများရရှိ၍ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသည့် ပစ္စည်းများမှာခြံစည်းရိုးကွန်ကရစ်တိုင်၊ မိလ္လာသုံး ကျောက်ခွေ၊ ရေပြွန်၊ ဝက်စားကျင်းခွက်၊ ပန်းအိုးစသည့်ပစ္စည်းများအား နေအိမ်တွင် ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ကွန်ကရစ်ပစ္စည်းအဓိက ရောင်းအားကောင်းတာကတော့ ကွန်ကရစ်ကျောက်တိုင်၊ ကွန်ကရစ်ဖိနစ်တိုင်၊ နွားစာကျင်းခွက်၊ ရေထည့်ကျောက်စည်တို့ကို ပြုလုပ်ရောင်းချရပါတယ်၊ ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ ကျောက်စရစ်၊ သဲ၊ သံချောင်းများဖြစ်တာကြောင့် ဝယ်လိုအားပေးမှုအ ပေါ်မူတည်ပြီးအနည်းငယ်ပြောင်းလဲ စျေးတက်ခဲရပါတယ်၊ ကျွန်တော်တို့ပြုလုပ်တဲ့ ခြံစည်းရိုးကျောက်တိုင်အမြင့် (၇) ပေ၊ ထု (၄) လက်မတစ်တိုင်ကို (၁၅,၀၀၀) ကျပ်၊ မိလ္လာသုံးကျောက်ခွေအကြီး (၁၈,၀၀၀) ကျပ်နှင့် အငယ်ကျောက်ခွေ (၁၆,၀၀၀) ကျပ်ရှိပြီး စသည့်ပစ္စည်းအမျိုးအစားအလိုက် စျေးနှုန်းအမျိုး မျိုးဖြင့် ရောင်းချပေးလျက်ရှိပါတယ်” ဟုကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသူ ဦးဇော်ဝမ်းထံမှ သိရသည်။
လှဝင်း