ရေတာရှည်မြို့နယ်တွင် KG ကျောင်းသား/သူများအား အာဟာရကျွေးမွေးခြင်းဆောင်ရွက်

ရေတာရှည် ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အ-လ-က(ခွဲ)(၄)ရပ်ကွက်ကျောင်းတွင် ယနေ့နံနနက် (၁၀) နာရီအချိန်က ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်း၍ KG တန်းမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းစွာ ကြီးထွားဖွံ့ဖြိုးနိုင်ရေးနှင့် အာဟာရပြည့်ဝ သော စားသောက်မှုအလေ့အကျင့်ကောင်းများရရှိစေရေးအတွက် KG ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်သန်းမိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ‌ ဒေါ်ငုဝါကျော်နှင့် အဖွဲ့ဝင်များက ကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် အာဟာရပြည့်ဝမျှတပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစာအာဟာရများကို ချက်ပြုတ်ပြင်ဆင်၍ ကလေးငယ်များအား အာဟာရမျှတစွာကျွေးမွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)