မင်းလှမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ

မင်းလှ ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဖလား ကျေးရွာအုပ်စုအမျိုး သားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အောင်တံခွန်အားကစားကွင်း၌ ဇူလိုင် ၂၆ ရက်နေ့လယ် ၂ နာရီချိန်က ပြုလုပ်သည်။

ဘောလုံးပြိုင်ပွဲဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် ကျေးရွာဘောလုံးအသင်း (၁၅) သင်းတို့က အားကစားသစ္စာအဓိဌာန် (၄) ချက်အား ရွတ်ဆိုခဲ့ကြသည်။

အဲ့ဒီနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၊ဌာနဆိုင်ရာအကြီးအကဲများတို့က ယခုယှဉ်ပြိုင်ကစားကြသည့် ထန်းပင်ကုန်းကျေးရွာအုပ်စုအသင်းနှင့် သဲကောကျေးရွာအုပ်စုအသင်းတို့ ဘောလုံးပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)