ပေါက်ခေါင်းမြို့နယ်၊ အ.မ.က(လွန်) လေးကြီးကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE) စခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပေါက်ခေါင်း ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) စခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.မ.က(လွန်) လေးကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ကြီးကြပ်ရေးမှူး ဦးဇော်မင်းက အမှာစကားပြောကြားခဲ့ကာ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ကြူကြူခိုင်က ကျောင်းပြင်ပမူလတန်းပညာရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ အခြေစိုက်စခန်း ကျောင်းအုပ်ကြီးက ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) စခန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး (NFPE)စခန်းကို တက်ရောက်သင်ကြားမည့် ကျောင်းသား၊ကျောင်းသူလေးများအား စာရေးကိရိယာပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြရာ (NFPE)ကော်မတီဝင် ရပ်မိ/ရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)