မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၆
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူး အသစ်များ ခန့်ထားရေး အတွက် ကြီးကြပ်ရေးအဖွဲ့များ ရွေးချယ်ခြင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဆောင်ရွက် လျက်ရှိသည်။
မြို့နယ်အဆင့် ဌာနဆိုင်ရာများ အကြီးအကဲများ ပါဝင်သော ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရေး အဖွဲ့များသည် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ သွားရောက်၍ ပြည်သူများ ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်သည့် ကြီးကြပ်ရေးမှူး(၅)ဦးပါ အဖွဲ့များ ဖွဲ့စည်းပေးခြင်းကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်ကျွန်း မြို့နယ်တွင် ရပ်ကွက်(၁၃)ခုနှင့် ကျေးရွာအုပ်စု(၁၀၈)အုပ်စုရှိပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးချယ်ဖွဲ့စည်းပြီး ကြီးကြပ်ရေးအဖွဲ့များကို အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥဒေများ၊ ရွေးချယ်မှု လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့် သင်တန်းအား ဖေဖေါ်ဝါရီလ လဆန်းပိုင်းတွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သီတာအောင်(ပြန်/ဆက်)