မေတ္တာမြို့၊ အမှတ်(၂)ရပ်ကွက်၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

မေတ္တာ ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်း​ဒေသကြီး၊ထားဝယ်ခရိုင်၊ ​မေတ္တာမြို့၊ အမှတ်(၂)ရပ်ကွက်ရှိအသက်(၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက် (၁၁)နာရီအချိန်က အိမ်တိုင် ရာရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်မှ အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလအတွက် သုံးလတစ်ကြိမ် လူမှုရေး ပင်စင်ထောက်ပံ့ငွေကို ဘိုးဘွားတစ်ဦးလျင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် သက်ကြီးဘိုးဘွား (၃)ဦးတို့အား ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရှိရသည်။

ရန်နောင်စိုး မေတ္တာ(ပြန်/ဆက်)