ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကောလင်းမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

ကောလင်း ဇန်နဝါရီ ၂၆

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကောလင်းမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ သို့ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်ရာတွင် PPE ဝတ်စုံ ၁၀၀ ထည်၊ Surgical Gown ၁၀၀ ထည်၊ ခေါင်းစွပ် (၁၀၀) ခုပါ ၂ ဘူး၊ Face Shield ၅၀၀ ခု၊ လက်အိတ် (၁၀၀) ခုပါ ၁၅ ဘူး၊ ရာဘာလက်အိတ် ၅၀ စုံ၊ ပလပ်စတစ် apron (၁၀၀) ခုပါ ၅ ထုပ်၊ ရေမလိုလက်သန့်ဆေးရည် (၅၀)မီလီ ၂၀ ဘူး၊ Family Care လက်ဆေးဆပ်ပြာရည် (၅၀) မီလီ ၂၀ ဘူး၊ ကလိုရင်းပိုးသတ်ဆေး (၁၈)လီတာ ၅ ဘူး၊ အရက်ပျံ(၅၀၀)မီလီ ၂၀ ဘူး၊ ဘောလ်ပင် ၁၀၀ ချောင်း၊ Boot (လည်ရှည်ဖိနပ်အမဲ) ၂၀ ရံ၊ Goggle မျက်မှန် ၂၀လက်စသည့် အထောက်အကူပြု ပစ္စည်းများအား ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများကိုယ်စား ကောလင်းမြို့   အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းနှင့်မြို့နယ်အလုပ်မှုဆောင်များမှ လှူဒါန်းခဲ့ရာ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြင့်ထွန်းမင်း (ကောလင်း)