သရက်ချောင်း ဇန်နဝါရီ ၂၆
တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံ Isolation Ward တွင်ထားရှိသည့် ကိုဗစ်-၁၉အတည်ပြုသံဃာတော်နှစ်ပါး ရောဂါသက်သာပျောက်ကင်း၍ ယမန်နေ့ နေ့လည်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် သံဃာတော်နှစ်ပါးအား မိမိတို့ကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် ၇ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား တိကျစွာလိုက်နာရန် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက မှာကြားပေးခဲ့ ကြောင်းသိရသည်။
သရက်ချောင်း(ပြန်/ဆက်)