အင်္ဂပူ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့နံပိုင်းက ရေဘေးနှင့် သဘာတဘေးအန္တရာယ် ဖြစ်ပွါးပါက တုံ့ပြန်ရေးအတွက် စုဖွဲ့ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ ခင်းကျင်းပြသမှုအခမ်းအနားပြုလုပ်ခဲ့သည်။
ဦးစွာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်အား တစ်စုမှူးမှတန်းအပ်ခြင်းဆောင်ရွက်ပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်းမှ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ ခင်းကျင်းပြသထားရှိမှုနှင့် အစုဖွဲ့များ စုဖွဲ့ထားရှိမှုအား ရှင်းလင်းတင်ပြခဲ့သည်။
အခမ်းအနားသို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်မင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ မြို့နယ်ထွေအုပ်မှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)