ဖျာပုံမြို့နယ်၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဖျာပုံ ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊အမာမြို့၊ ပျဉ်ဒရယ်သစ်တောကြိုးဝိုင်း၊ အကွက်အမှတ် (၅၆) တွင် ဖျာပုံမြို့နယ်သစ်တောဦးစီးဌာနမှဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ‌၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က ဖျာပုံမြို့နယ်၊ အမာမြို့၊ ပျဉ်ဒရယ်သစ်တောကြိုးဝိုင်း၊ အကွက်အမှတ် (၅၆) တွင် ကျင်းပစိုက်ပျိုးခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဒေါ်မေသန်းဦးက၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပျိုးပင်များကို ပေးအပ်ရာ အမာမြို့ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှလက်ခံရယူကြသည်။ ထို့နောက် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ဒေါ်မေသန်းဦး၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူး၊လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံပြည်သူများမှ ဒေသနှင့်ကိုက်ညီသည့် သစ်မျိုးများဖြစ်သည့် ဗြူး‌ရွှေဝါ၊ ဗြူးအုပ်ဆောင်း၊ သမဲ့ကြီး၊ ကျန၊ တရော၊ မဒမ၊ ကနစိုစသည့် သစ်မျိုး (၇) မျိုး စုစုပေါင်း (၈၁၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)