မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် (၄၁) ဦးထပ်တိုး

မကွေး  ဇန်နဝါရီ ၂၆

မကွေးတိုင်းဒေသကြီးမှာ ယမန်နေ့က တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြု လူနာသစ်(၄၁)ဦး ထပ်တိုးတွေ့ရှိ ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြု လူနာပေါင်းက (၃၂၃၈) ဦးထိ ရှိလာကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းမှာ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံက ဆင်းခွင့်ရသူတွေရှိသလို ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုတွေက  ဆက်လက်ရှိနေဆဲပါ၊ ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုအရ ပိုးတွေ့အတည်ပြုလူနာသစ် (၄၁) ဦး ထပ်တိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်၊ ဒီနေ့  တွေ့ရှိတဲ့ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာတွေက ရေနံချောင်းက(၁၅)ဦး၊ မြိုင်က (၅)ဦး၊မကွေး၊ ဂန့်ဂေါနဲ့ ပခုက္ကူက(၄)ဦးစီ၊  မင်းဘူး၊ မြို့သစ်နဲ့ စလင်းက (၂)ဦးစီ၊ အောင်လံ၊ဆိပ်ဖြူနဲ့ ပွင့်ဖြူက(၁)ဦးစီ တို့ဖြစ်ပါ တယ်၊  ပိုးတွေအတည်ပြုလူနာ တွေထဲက ရေနံချောင်းက(၁၂)ဦး၊ မကွေး (၂)ဦး၊စလင်း(၂)ဦး၊ အောင်လံ က(၁)ဦး၊ဆိပ်ဖြူ(၁)ဦး၊မြိုင်(၁)ဦးနဲ့ မင်းဘူး(၁)ဦးတို့က အနံ့ပျောက်လက္ခဏာပြလူနာတွေပါ၊ ဂန့်ဂေါ က(၄)ဦး၊ မြိုင်(၄)ဦး၊ ပခုက္ကူက (၂)ဦး၊ မင်းဘူးက (၁) ဦးနဲ့ ရေနံချောင်း(၁)ဦးတို့က ပိုးတွေ့ အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာ ကန့်သတ်ထားသူတွေ ဖြစ်ပါတယ်၊ နောက်ထပ် မကွေး(၂)ဦးက PUI(၁)ဦးနဲ့ ချောင်းဆိုးဖျားခြင်း လက္ခဏာပြ လူနာ (၁) ဦးတို့ဖြစ်ပြီး ကျန်သူတွေကတော့ ရန်ကုန်ပြန်၊ မန္တလေးပြန်(Quarantine Centre)တွေက ဖြစ်ပါတယ်၊ တိုင်းဒေသကြီး အတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာပေါင်းကတော့(၃၂၃၈)ဦးရှိပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်  ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက အတည်ပြုပြောကြား သည်။

လက်ရှိမှာ မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာပေါင်း (၃၂၃၈) ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံတက်ရောက် ကုသမှု ခံယူနေသ (၂၉၇) ဦးနဲ့ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ (၂၉၂၉) ဦးရှိကာ သေဆုံးသူက (၁၂) ဦးရှိကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။              

သန်းနိုင်ဦး(ငဖဲ)