ငွေဆောင် ဇူလိုင် ၂၆
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းစခန်းသစ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ငွေဆောင်မြို့၊ သဇင် ကျေးရွာအုပ်စု၊ ဖုန်းမောင်ကြိုင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းဒေသကြီးမန်နေဂျာဒေါ်ဆွေမာနှင့်တာဝန်ရှိသူများ၊ ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သဇင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ အ.မ.က-ဖုန်းမောင်ကြိုင်(၁)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် မိုဘိုင်းစခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။
ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ဆွေမာက ဖုန်းမောင် ကြိုင်ကျေးရွာ၌ ဆက်သွယ်ရေးတာဝါတိုင် တိုးချဲ့စိုက်ထူပေးရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားခဲ့ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုဘိုင်းဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်မှု ပိုမိုတိုးတက်ကောင်းမွန်စေရန်ရည်ရွယ်၍ မိုဘိုင်းစခန်းအသစ် (၃) ခုကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာ တည်ဆောက်တပ်ဆင်ပြီး ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ကျော်လင်းဦး(ပြန်/ဆက်)