အုတ်တွင်း ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်မြစိမ်း ရောင်စီမံကိန်းအရင်း မပျောက်လည် ပတ်ရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေးပေးခြင်းကို ဇူလိုင် ၂၁ ရက်နေ့က ခေါင်းရမ်းကျေးရွာအုပ်စု၊ ခေါင်းရမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ထုတ်ချေးပေးခဲ့သည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပေးအပ်ခြင်းနှင့်ပတ်သက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာမြင့်က ရှင်းလင်းပြောကြားခဲ့ပြီး၊ ခေါင်းရမ်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၈၆) ဦးအား မြစိမ်းရောင်ပုံ ငွေကျပ် (၃၃၂) သိန်းကို တာဝန်ရှိသူ များက ပေးအပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)