မင်းလှ ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင် တာဝန်ပေးအပ်ပွဲကို ဇူလိုင် ၂၄ ရက် နံနက် ၁၀ နာရီချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာအောင်နှင့် မြို့နယ်သဘင် အစည်းအရုံးဥက္ကဋ္ဌ ဦးနိုင်ဝင်းထွန်းတို့က အမှာစကား အသီးသီးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟိုမှ ပေးပို့လာသော မင်းလှမြို့နယ် ဂီတအစည်းအရုံး အလုပ်အမှုဆောင် ခန့်အပ်တာဝန်ပေးအပ်လွှာများကို ပေးအပ်ခဲ့သည်။
ယင်းနောက် ရွေးချယ်ခြင်းခံရသည် မင်းလှမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးဝင်းဇော်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)