ခန္တီး ဇန်နဝါရီ ၂၆
ခန္တီးခရိုင်နှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေပိုင်းအချိန်တွင် ခန္တီးမြို့ရှိ Community Based Facility Quarantine Centre များအနက် လူငယ်သင်တန်း ကျောင်းအား ပိုးသတ်ဆေးဖြန်းခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခန္တီးခရိုင်နှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ခန္တီးမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းများဖြစ်သည့် လူထုအသိပညာပေးခြင်း၊ Mask Campaign ဆောင်ရွက်ခြင်း စသည်လုပ်ငန်းများတွင်လည်း တတ်အားသမျှ ပါဝင်ကူညီဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)