လှိုင်းဘွဲ ဇန်နဝါရီ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် နွေစပါးစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် လှိုင်းဘွဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းက နွေစပါးစိုက်ပျိုးရန်အတွက် မျိုးစပါး ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းနှင့်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းတို့က ထီလုံ၊ သမ္ဘာန်၊ နောင်သငဲ့နှင့် သပုထိုကျေးရွာများရှိ နွေစပါးစိုက်ပျိုးမည့် တောင်သူများအတွက် မျိုးစပါး(၂၄၀)တင်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)