ပခုက္ကူ ဇန်နဝါရီ ၂၆
ပခုက္ကူမြို့၊ စက်မှုဇုန် ၄ လမ်းနှင့် ၅ လမ်းကြား (ရေစကြိုလမ်းအနောက်ဘက်) ၌ ယမန်နေ့ နေ့လယ် ၁ နာရီ ၄၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသည်။
မီးလောင်မှုကြောင့် စက်မှုဇုန် ၅ လမ်းနေ ပိုင်ရှင် ဦးမျိုးဇော်ဦး၏ ပဲခွဲစက်တစ်လုံး၊ ဦးမျိုးဇော်ဦးနှင့် ဦးဖိုးဆယ်တို့၏ ၅၀ ပေ၊ ၂၅ ပေရှိ သွပ်မိုး၊ ထရံကာ မြေစိုက်အဆောက်အအုံနှစ်လုံး၊ ဦးဖိုးဌေးပိုင်ဆိုင်သော ၂၀ ပေ၊ ၁၀ ပေရှိ သွပ်မိုး၊ ထရံကာ မြေစိုက်ယာယီတဲတစ်လုံး၊ မီးလောင်ဆုံးရှုံးခဲ့ပြီး လူ၊ တိရစ္ဆာန်များ ထိခိုက်ဆုံးမှု မရှိကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလွင်ကိုလတ်နှင့် တပ်ဖွဲ့ဝင် များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများက မီးသတ်ကားနှင့် ရေသယ်ယာဉ် ၄ စီး၊ အုပ်ချုပ်မှုနှင့်အထောက်အကူပြု ယာဉ်နှစ်စီးတို့ဖြင့် စုပေါင်း ငြှိမ်းသတ်ကြသည်။
မီးလောင်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကိုဇော်(ဓာတု)