ရေကြည်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊ သွေးတိုးနှင့် မကူးစက်နိုင်သော ရောဂါများ အခမဲ့စစ်ဆေးကုသပေး

ရေကြည် ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊ သွေးတိုးနှင့် မကူးစက်နိုင်သောရောဂါများ အခမဲ့စစ်ဆေးကုသပေးခြင်းကို ဇူလိုင်လ (၂၄) ရက်နေ့တွင်‌ ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား စာရင်းပေးသွင်းပြီး ကိုယ်အလေးချိန်နှင့်အရပ်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ ECG စစ်ဆေးပေးခြင်းတို့ကိုဆောင်ရွက်ပေးကာ လိုအပ်သည့် ဆေးဝါး များအား အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူဟန်(ပြန်/ဆက်)