သနပ်ပင် ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဇူလိုင် ၂၄ ရက်နေ့ နံနက် ၉ နာရီက အောက်တကဲကျေးရွာ အ.ထ.က(ခွဲ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းက အမှာစကား ပြောကြားပြီး သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညိုပြာက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများအား ရှင်းလင်း ပြောကြားသည်။
ယင်းနောက် "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်း ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဝင်း မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး အကြောင်းအရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းက ကျေးရွာဒေသဖွံဖြိုးရေးနှင့် ပတ်သတ်သည့် အကြောင်းအရာများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုချစ်မော်က ကျေးလက်ဒေသမီးလင်း ရေးဆိုင်ရာ အကြောင်းအရာများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနဦးစီးအရာရှိ ၎င်းကျော်စွာနီဝင်းက နွေစပါး စိုက်ပျိုးရန်အတွက် ရေအသုံးပြုနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ တာဝန်ခံပညာရေးမှူး ဦးမျိုးမြင့်သိန်းက ပညာရေးနှင့် ပတ်သတ်သည့်ကိစ္စရပ်များ၊ အသီးသီးရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်မျိုးဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စွာနီဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက် ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)