နတ်တလင်းမြို့တွင် နယ်မြေအေးချမ်းသာယာရေးအတွက် မြို့အဝင်အထွက် လုံခြုံရေးကြပ်မတ် ဆောင်ရွက်

နတ်တလင်း ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း မော်တော်ယာဉ်စစ်ဆေးမှု လုပ်ငန်းများကို ယမန်နေ့ ညနေ ၆ နာရီခွဲ အချိန်မှစ၍ ရန်ကုန်-ပြည်လမ်း မန္တလေးကျောင်းတိုက် ရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်နိုင် ဦးဆောင်၍ အရာရှိ(၃)ဦးနှင့် ရဲတပ်ဖွဲ့ဝင်(၉)ဦးတို့က ညနေ ၆ နာရီ ၃၀ မိနစ်မှ ည ၁၁ နာရီ ၄၅ မိနစ်အထိ ရန်ကုန်ဘက်မှ ဝင်လာသော မော်တော်ကား၊ မော်တော်ဆိုင်ကယ်များနှင့် ပြည်မြို့ဘက်မှ ပြန်လာ သော မော်တော်ကား၊ မော်တော်ဆိုင်ကယ်များအား ရပ်တန့်စေ၍ ရှာဖွေစစ်ဆေးခြင်းဖြင့် နယ်မြေ အေးချမ်း သာယာရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားထားဦး(နတ်တလင်း)