တွန်းဇံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တွန်းဇံမြို့သို့ ရောက်ရှိ

တွန်းဇံ ဇူလိုင် ၂၅

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇမ်းရှင်းဒါလ်သည် ယမန်နေ့က တွန်းဇံမြို့သို့ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပျက်စီးမှုအခြေအနေအား ကြည့်ရှု့ပြီးနောက် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော အတွင်းလူနာများအား သွားရောက်ကြည့်ရှု့ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇမ်းရှင်းဒါလ်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး တာဝန်ခံတို့နှင့်အတူ မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်ကာ တွန်းဇံမြို့နယ် ပညာရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)