ကလေးမြို့ အမှတ်(၂)၊ အ-လ-က(ခွဲ)၊ အခြေခံပညာမူလတန်းကျောင်းတွင် ငှက်ပျောပင်များ စုပေါင်း စိုက်ပျိုး

ကလေး ဇူလိုင် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့ အမှတ်(၂)၊ အ--က(ခွဲ)၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့်ပြည့်ဝစေရန်နှင့် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေရန်ရည်ရွယ်၍ နေ့စဉ်ငှက်ပျောသီး ကျွေးမွေးနိုင်ရန်အတွက် စုပေါင်းငှက်ပျောပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ငှက်ပျောပင်စိုက်ပျိုးခြင်းကို ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ စုစုပေါင်းအင်အား ၄၆၀ ဦးက ဒေသမျိုးဖီးကြမ်း ငှက်ပျောပင် (၆၅၀)အား စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)