ရေနံချောင်းတက္ကသိုလ်၌ လူငယ်စွမ်းအားမြှင့်တင်ရေးအမြင်ဖွင့်တရားပွဲ ကျင်းပ

ရေနံချောင်း ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းတက္ကသိုလ်၌ ရန်ကုန်မြို့ ဓမ္မရံသီမိုးကုတ်ရိပ်သာ ကမ္မဌာနစရိယ ဓမ္မကထိကဆရာတော် ဦးဇောတိသာရ ဟောကြားသည့် လူငယ်စွမ်းအားမြှင့်တင်ရေး အမြင်ဖွင့်တရားပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပရာ ရေနံချောင်းတက္ကသိုလ်နှင့်အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)တို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၀၀၀ ဦးခန့် တက်ရောက်သည်။

ဦးစွာ ရေနံချောင်းတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)တို့မှ တက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်၍ အခမ်းအနားဖွင့်လှစ်ပြီး ဩကာသကန်တော့ချိုးဖြင့် ပူးဇော်ကန်တော့ကာ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ရန်ကုန်မြို့ ဓမ္မရံသီမိုးကုတ်ရိပ်သာ ကမ္မဌာနစရိယ ဓမ္မကထိက စာပေမြတ်နိုး သူများအသင်း Founder and Secretary ဆရာတော် ဦးဇောတိသာရက “လူငယ်စွမ်းအား မြှင့်တင်ရေးအမြင်ဖွင့်”ခေါင်းစဉ်ဖြင့် အသိပညာပေးတရားဟောကြားရာတိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်း၊  ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ အစိုးရစက်မှု လက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းအုပ်ကြီး ဒေါက်တာဝင်းစန္ဒာနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထို့နောက် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးသန့်နှင့် အစိုးရစက်မှု လက်မှုသိပ္ပံ (ရေနံချောင်း) ကျောင်းအုပ်ကြီး ဒေါက်တာဝင်းစန္ဒာတို့က ဝါဆိုသင်္ကန်းနှင့် ဓမ္မပူဇာလှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုးကြီး(ပြန်/ဆက်)