လက်ပံတန်း ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေး အဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အ-ထ-က (ကျေးနီ)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လွင်မာစိုးနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး ဦးရန်လင်းနိုင်နှင့် ဆရာဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက KG တန်းမှ ကျောင်းသား၊ ကျောင်းသူများအား ထမင်း၊ ကြက်သားဟင်း၊ ငှက်ပျောသီး၊ ဗီတာမင်ဒီနှင့် သတ္တုဓာတ်ပါဝင်သည့် ဖြည့်စွက်အဟာရများ ကျွေးမွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)