တမူး ဇူလိုင်၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကဘော်ခန်းမ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြေမြုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ အန္တရာယ်လျော့ပါးရေး အသိပညာပေးဆွေးနွေးပွဲကို ဇူလိုင်လ ၂၄ ရက်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သက်သက်ကျော်က မိုင်းအန္တရာယ် ကင်းဝေးစေရေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူက မြေမြုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ စုစုပေါင်းအင်အား ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက် )