တီးတိန်မြို့၌ အသိပညာပေး ဟောပြောပွဲပြုလုပ်

တီးတိန် ဇူလိုင် ၂၅

ချင်းပြည်နယ်၊ တီးတိန်မြို့၌ လူငယ်များစာဖတ်ရှိန်မြှင့်မားရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့မအမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျင့်ဒိတ်စံက လူငယ်နှင့် မြတ်ပညာ၊ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါ်တွောင်ဆန်းလွန်းက လူငယ်နှင့် ကျန်းမာရေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဒိုင်းခန့်ဒိမ့်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နယ်လှည့်စာကြည့်တိုက် ပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)