ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်‌မွေးသင်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကလေး ဇူလိုင် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသိပညာပေး ဟောပြောပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်‌မွေးသင်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက ကလေးမြို့၊ တောင်ဖီလာရပ်ကွက် အဆိုပါ‌ကျောင်းသင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ကလေးခရိုင် ပြန်ကြားရေးနှငမ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စားသုံးသူကာကွယ်ရေးနှင့် ကုန်ထုတ်အမှတ်သားဆနုင်ရာ သိမှတ်ဖွယ်ရာများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကလေးခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်းပညာ‌‌သင်တန်းကျောင်းမှ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းသူ ၃၀ ဦး၊ စုစုပေါင်း ၄၅ ဦး တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)