ပဲခူးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပဲခူး ဇူလိုင် ၂

ပဲခူးတက္ကသိုလ် ဘက်စုံအားကစားခန်းမ၌ ဇူလိုင် ၂၄ ရက်နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အမျိုးသားဗိုလ်လုပွဲတွင် သတ္တဗေဒဘာသာရပ်အသင်းနှင့် ရူပဗေဒဘာသာရပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို လည်းကောင်း၊ အမျိုးသမီးဗိုလ်လုပွဲတွင် သတ္တဗေဒဘာသာရပ်အသင်းနှင့် သင်္ချာဘာသာရပ် အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားတံခွန်စိုက်ဖလားရရှိသည့် သတ္တဗေဒဘာသာရပ်အသင်းအားလည်းကောင်း၊ ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က အမျိုးသမီးတံခွန်စိုက်ဖလားရရှိသည့် သတ္တဗေဒဘာသာရပ် အသင်းအား လည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အမျိုးသားနှင့် အမျိုးသမီး အကောင်းဆုံးအားကစားသမားဆုများကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီးတို့က ချီးမြှင့်ပေးအပ်ခဲ့ပြီး အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲများ၌ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများအား တာဝန်ရှိသူအသီးသီးက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများနှင့် ဆုဖလားများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ထို့ပြင် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ်က ပြိုင်ပွဲဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)