ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာ၀တီမြစ်၊ သဘာ၀ရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပ

ပြည် ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာ၀တီမြစ် သဘာ၀ရေပြင်အတွင်းသို့ ငါမျိုးစိုက်ထည့်ခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ထို့နောက် ဧရာ၀တီမြစ်၊ သဘာ၀ရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ရာတွင် (၂) လက်မအရွယ်ရှိ ငါးခုံးမကြီးကောင်ရေ (၈၀၀၀၀) နှင့် (၂) လက်မအရွယ်ရှိ ငါးမြစ်ချင်းကောင်ရေ (၇၀၀၀၀) စုစုပေါင်းငါးကောင်ရေ (၁၅၀၀၀၀) တိတိကို ၎င်းသဘာ၀ရေပြင်သို့‌ ငါးမျိုးများ စိုက်ထည့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ပြည်ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာသက်နှင့် ၀န်ထမ်းများ၊ အုတ်ဖို‌ငါးသားဖောက်စခန်းမှ တာ၀န်ခံ ဦးသူရမိုးအောင်နှင့် ၀န်ထမ်းများတက်ရောက်ခဲ့ပြီး ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ဝဏ္ဏထွန်း (ပြန်/ဆက်)