ညောင်လေးပင် ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင်ကို (၁၇.၇.၂၀၂၆) ရက်နေ့မှစ၍ ရန်ကုန်-မန္တလေးကားလမ်းမကြီးဘေး၊ မြို့မစျေးကြီးရှေ့၊ ကျောက်တိုင်ကွင်းတွင် ပြည်သူများအရည်အသွေးကောင်းမွန်စွာ စားသုံးနိုင်ရန်အတွက် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အမဲသား၊ ဝက်သား၊ ဆိတ်သားတို့ကို သတ်မှတ်စျေးနှုန်းဖြင့်လည်းကောင်း၊ ဒေသကြက်၊ CP ကြက်နှင့် ကြက်ဥ၊ ဘဲဥတို့ကို ပြင်ပထက် သက်သာသောစျေးနှုန်းများဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိရာ ပြည်သူအများအပြားဝယ်ယူလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)