မော်လမြိုင်ကျွန်း ဇန်နဝါရီ ၂၅
မော်လမြိုင်ကျွန်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများနေ အိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း Mask များမဖြစ်မနေတပ်ဆင်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပြန်ကြားရေးနှင့်လှုံ့ဆော်ရေးဆပ်ကော်မတီမှ တာဝန်ရှိ သူများမှ ယနေ့နံနက် ၈ နာရီအချိန်က မြို့မဈေးကြီး၊ ဆိပ်ကမ်းသာဈေး၊ အောင်သာယာဈေး၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက်နှင့် မြို့တွင်းလမ်းတစ်လျှောက် လူစည်ကားရာနေရာများတွင် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက် သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ပြန်ကြားရေးနှင့် လှုံ့ဆော်ရေးဆပ်ကော်မတီမှ တာဝန်ရှိသူများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ နှာခေါင်းစည်း (Mask)များ တပ်ဆင်မှု ရှိ/မရှိ စစ်ဆေး၍ မတပ်ဆင်ထားသော သူများအား အခမဲ့ပေးဝေ တပ်ဆင်စေခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက် လျက်ရှိသည်။
မော်လမြိုင်ကျွန်း မြို့နယ်တွင် ယနေ့ညနေပိုင်း အချိန်အထိ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ ၅၂၂ ဦးရှိပြီး မြို့နယ် ကုတင်-၁၀၀ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ Positive လူနာ ၁၇ ဦးရှိကာ သေဆုံးလူနာ ၄ ဦးနှင့် ကျန်းမာရေး ကောင်းမွန်စွာဖြင့် ဆေးရုံမှဆင်းသူ ၅၀၁ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)