ပေါက်ခေါင်းမြို့နယ် သပြေတောင်ကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲ ကျင်းပပြုလုပ်

ပေါင်ခေါင်း ဇန်နဝါရီ ၂၅

ပေါက်ခေါင်းမြို့နယ် သပြေတောင်ကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP)၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ရန်ပုံငွေ၊ ကျေးရွာလူထု ထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့သော လျှပ်စစ်မီး ဖွင့်ပွဲကို ယမန်နေ့ ညနေ ၅ နာရီအချိန်က သပြေတောင် ကျေးရွာ လျှပ်စစ်ထရန် စဖော်မာရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမျိုးထွန်းသန်းနှင့် ကျေးရွာအုပ်ချုပ် ရေးမှူး ဦးလွင်ဦးတို့က ဖဲကြိုးဖြတ်ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသက်မင်းဇော်က မီးခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ မီးလင်းခဲ့သော ကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာသို့ လျှပ်စစ်ထရန်စဖော်မာ ရောက်ရှိသည် အထိ ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာတွင်း လျှပ်စစ်မီးသွယ်တန်းခြင်းများကို ကျေးရွာပြည်သူများ ကိုယ့်အားကိုယ်ကိုး အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)