စစ်ကိုင်း ဇူလိုင် ၂၄
စစ်ကိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေတိုးတက်စေရန် ရည်ရွယ်၍ ယိုးဒယားကြိုးများဖြင့် လူသုံးကုန်ခြင်းယက်လုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဆင်း အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုက သင်တန်းဖွင့်လှစ်ပို့ချခဲ့မှုနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းသား၊ သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိ၊ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုတို့က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများနှင့် သင်တန်းမှထွက်ရှိသောကုန်ပစ္စည်းများအား ပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းကို (၁၀) ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)