ခန္တီးမြို့ ကမ်းနားလမ်းသန့်ရှင်းသာယာရေး စုပေါင်းဆောင်ရွက်

ခန္တီး   ဇန်နဝါရီ  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ကမ်းနားလမ်း၊ ပန်းခြံနှင့် ချင်းတွင်းမြစ်ဘေး တာရိုး တစ်လျှောက် စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်ထားရှိခြင်းနှင့် ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းကို ယနေ့နံနက်က တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းနှင့် ခန္တီးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မိသားစုများ၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဘကြိုင်၊ အမှုဆောင်အရာရှိ ဒေါ်ခင်မျိုးမျိုးအောင်၊ သန့်ရှင်းရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စည်းကမ်းမဲ့အမှိုက်သရိုက်များ စွန့်ပစ်ခြင်းမပြုကြရန် မြို့နယ် စည်ပင်သာယာ ရေးကော်မတီ၏ နေ့စဉ်အမှိုက်သိမ်း ယာဉ်ပေါ်သို့ စနစ်တကျစွန့်ပစ်ကြပါရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

စနေမောင်မောင်(ခန္တီး)