မင်းကင်းမြို့နယ် ရှားတောကျေးရွာအနီးတွင် ကုန်တင်မော်တော် ရေယာဉ်တစ်စီး ကျောက်ဆွယ်နှင့် တိုက်မိပြီး နစ်မြှုပ်

မင်းကင်း ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နှင့်ရေမိုင်၂၀ခန့်အကွာ ရှားတောကျေးရွာအနီးတွင် မုံရွာမှ ဟုမ္မလင်းသို့ မောင်းနှင်လာ​သော ကုန်တင် မော်တော် ရေယာဉ်တစ်စီးသည် ကျောက်ဆွယ်ဖြင့် တိုက်မိပြီး  ယမန်နေ့ နံနက်(၁၁)နာရီ အချိန်ခန့်က နစ်မြှုပ်မှုခဲ့ကြောင်းသိရသည်။

အဆိုပါ ကုန်တင်မော်တော်ရေယာဉ်မှာ အလျား(၁၀၅)ပေ၊ အနံ(၅)ပေခွဲရှိ အဖြူရောင်သံခွံ ဖြစ်ပြီး ယာဉ်ပေါ်တွင် လူ(၉) ဦဂရှိပြီး သေဆုံးသူ မရှိကြောင်း သိရသည်။   

လှငွေ(မင်းကင်း)