ကျွန်းလှ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်စိုက်တောင်သူများအား အထွက်နှုန်းကောင်းပြီး မျိုးကောင်းမျိုးသန့်ရရှိရန်အတွက် ယနေ့နံနက်ပိုင်းက စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းဆင်းအသိပညာလျက်ရှိကြောင်း သိရသည်။
“ဒီနှစ် မိုးရာသီမှာ မိုးစပါးကို မျိုးစေ့ထုတ်ရန်အတွက် ဧရာမင်းစပါးမျိုး သုံးဧကစိုက်ပျိုးနေပါတယ်။ စိုက်ပျိုးရာမှာ ကြိုးတန်း ခြောက်တန်းတစ်တန်းလှပ်စိုက်ပျိုးပြီး စိုက်နည်းစနစ်မှန်ဖို့ ကောက်ကွက်ပြည့်မီဖို့ စိုက်ပျိုးရေးပညာရှင်တွေက လက်တွေ့ပြသကြပါတယ်။ ထွက်ရှိတဲ့စပါးမျိုးများကို ဒေသခံတောင်သူတွေ ဖြန့်ဝေသွားဖို့စီစဉ်ထားပါတယ်” ရှမ်းစုကျေးရွာ တောင်သူ ဦးနိုင်က ပြောသည်။
အဆိုပါ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသရာသီဥတုနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်စပါးမျိုးများရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး နည်းပညာပေးခြင်း၊ ကွင်းသရုပ်ပြပွဲများကျင်းပခြင်း၊ စိုက်ပျိုးရေးဆိုင်ရာသင်တန်းများဖွင့်လှစ်ခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။
မျိုးဝင်းညို ကျွန်းလှ