ဖောင်းပြင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဖောင်းပြင် ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသု တများရရှိရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်းနှင့် စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးများကို ရွှေညောင်ပင်ကျေးရွာ၊ အခြေခံပညာအလယ် တန်းကျောင်းတွင် ယနေ့ နေ့လယ် ၁၂နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

အသိပညာပေး ပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်သန်းစိန်က ကျောင်းသား၊ ကျောင်းသူများ အစားအသောက်နှင့်ပတ်သက်၍ ဘေးကင်းလုံခြုံမှုရှိစေရေး စားသုံးကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသား၊ သက်တမ်း လွန်ရက်စွဲစွဲများနှင့် ရှောင်ရန်၊ ဆောင်ရန် အချက်များကိုလည်းကောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က စာဖတ်ရှိန်မြင့်တင်ရေး စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူး များကိုလည်းကောင်း၊ စာကြည့်တိုက် လက်ထောက်(၃) ဒေါ်ယဉ်ယဉ်ထွေးက စာဖတ်ခြင်းနှင့်ပတ်သက်၍  ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများအတွက်  ငှားရမ်းဖတ်ရှုနိုင်သည့် စာအုပ်စာပေများနှင့် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများကို လည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားကြသည်။

ထို့နောက် အ-လ-က (ရွှေညောင်ပင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ထားထားဦးက ကျောင်း အခြေပြု အသိပညာပေးဟောပြောခြင်းများ လာရောက်ဆောင်ရွက်သည့်အပေါ် ကျေးဇူးတင် စကား ပြောကြားခဲ့ပြီး ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား ကလေး အလုပ်သမားပပျောက်‌ရေး‌ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းကို ဆောင်ရွက်ခဲ့ကြ  ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)