အုတ်ဖို ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထကအုတ်ဖို ဧရာခန်းမ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သည့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်ခိုင်သီသီမွန်က အောင်ချက်မြင်မားရေး ဆွေးနွေးပြောကြားပြီး ၅ ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၃)ဦးအပါအဝင် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက အသီသီးဂုဏ်ပြုချီးမြှင့်သည်။
ထို့နောက် အ.ထ.က (အုတ်ဖို) ကျောင်းအုပ်ဆရာမကြီးနှင့် ၅ ဘာသာဂုဏ်ထူးရှင်တို့က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)