လပွတ္တာ ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ပတ်ဝန်းကျင်အလှထိန်းသိမ်းကြခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဦးစွာလပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ် - ၁ ဦးစန်းမင်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးနေမျိုးအောင်က မြို့သန့်ရှင်းသာယာလှပရေးခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ပြီး သစ်တောဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးကိုကိုလွင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သတ်ပြီး ဆွေးနွေးခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာစကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)