ဓနုဖြူမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်း

ဓနုဖြူ  ဇန်နဝါရီ  ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက စတင်၍ တမြာကျေးရွာအုပ်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေးဌေးမောင်က ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းစဉ်အရပ်ရပ်ကို ထပ်မံရှင်းလင်း ပြောကြားပြီး ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ကို သက်မှတ်စည်းကမ်းချက်များ နှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲ့ဝင်(၅)ဦးပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းကို ဇန်နဝါရီလ ၂၅ နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ ရွေးချယ်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)