မင်းတုန်း ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)ကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် Public နှင့် ထိတွေ့မှုများသော ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား ဦးစားပေး ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးကို ဆေးခွဲတမ်းရရှိမှုအပေါ်မူတည်၍ ပထမဦးစားပေးအနေဖြင့် (၁၆၀)ဦးကို ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးခွဲတမ်းထပ်မံရရှိပါက ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းကလေး(NRDC)