နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဗဟုသုတမျှဝေခြင်းအစီအစဥ်ဖြင့် ဆောင်ရွက်

နတ်မောက် ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဝန်ထမ်းများ အသိဥာဏ်နှင့်စွမ်းရည်ကိုမြှင့်တင်ရန်၊ အတွေ့အကြုံသစ်များဗလှယ်ရန်၊ လူမှုအသိုက်အဝန်းအတွင်းတီတွင်ဖန်တီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ဗဟုသုတမျှဝေခြင်းအစီအစဥ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်၁၀ နာရီက အဆိုပါရုံးတွင် ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ရုံးဝန်ထမ်းများလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတို့အတွက် ချမှတ်သည့်အချက်(၁၄)ချက်အား ရှင်းလင်းခြင်းနှင့်စာရေး ဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ခေါင်းဆောင်ကောင်း” ခေါင်းစဥ်ပါအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဗဟုသုတမျှဝေခြင်းအစီအစဥ်ဆောင်ရွက်ရာတွင် ရုံးဝန်ထမ်းများကလည်း စိတ်ဝင်စားစွာရေးမှတ်ကြပြီး သိရှိလိုသည့်အကြောင်းအရာများကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှဝင်း