တောင်တွင်းကြီးမြို့နယ်တွင် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

တောင်တွင်းကြီး ဇူလိုင် ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အဖိုးတန်ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်အဖွဲ့သည် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အဖိုးတန်ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လျက်ရှိသည့် လူပုဂ္ဂိုလ်/ ကုမ္ပဏီများ၊ ရတနာဆိုင်များအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်​ဆေးရာတွင် အဖိုးတန်ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်အဖွဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ဦးနှင့်အဖွဲ့ဝင်များသည် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားရယူထားခြင်း ရှိ/မရှိ၊ နိုင်ငံတော်က သတ်မှတ်ထားသော စံချိန် စံညွှန်းကိုက်ညီသည့် ဓာတ်သတ္တု(ရွှေ)ကိုသာရောင်းချခြင်းရှိ/မရှိ၊ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့်စပ်လျဥ်း၍ အစိုးရအဖွဲ့ကဖွဲ့စည်းပေးထားသော ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းသတ်မှတ်စျေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းစျေးဖြင့်သာရောင်းဝယ်ခြင်း ရှိ/ မရှိ၊ တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံဗဟိုဘဏ်တို့က ထုတ်ပြန်ထားသောစည်းမျဥ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းရှိ/မရှိ ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်လက်မှတ် လျှောက်ထားရယူထားခြင်း ရှိ/မရှိစသည့် အကြောင်းအရာများအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့သည်။

ဦးမျိုး(ဗိဿနိုးမြေ)