တောင်တွင်းကြီး ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၌ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာပေလေ့လာဖတ်ရှု့မှတ်သားသည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် ဗလငါးတန်နှင့်ပြည်စုံသည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ချမ်းမြေ့မေတ္တာကိုယ်ပိုင်အလယ်တန်းကျောင်းသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသားလူငယ်များရည်မှန်းချက်ထားကြိုးစားရန်၊ ကျောင်းသင်ခန်းစာများကို အထောက်အကူဖြစ်စေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှု့မှတ်သားရန်နှင့် စာပေလေ့လာဖတ်ရှုခြင်း၏အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူရင်သွေးငယ်များအား အသိပညာပေးပုံပြင်များပြောကြားပေးခြင်း၊ စိတ်ဝင်စားစရာကောင်းစေသော ကလေးစာအုပ်စာစောင်များဖတ်ရှုစေခြင်း၊ ဖတ်ရှုသည့် စာအုပ်ပါအကြောင်းအရာများကို မေးမြန်းဖလှယ်ခြင်းများကိုဆောင်ရွက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်အား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဦးမျိုး (ဗိဿနိုးမြေ)